ယခု site တွင် cookies များကို အသုံးပြုထားပါသည်။ Site အတွင်း ဆက်လက်ဝင်ရောက်ခြင်းဖြင့် ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို သင် သဘောတူပြီး ဖြစ်သည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ရည်လုံခြုံရေးဆိုင်ရာ မူဝါဒကို ဖတ်ရှုပါ။ >

မြန်မာနိုင်ငံ၏ ICT ပညာရှင်များကို အားဖြည့်ပံ့ပိုးနိုင်ရေးအတွက် Huawei က နောက်ထပ် Huawei ICT Academy တည်ထောင်ခြင်း ကို စတင်

2020.12.08
HAINA

Read English

[ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်] ။ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ အမျိုးသားပညာရေးမူဝါဒကော်မရှင် ပါမောက္ခချုပ်များ ကော်မတီ နှင့် Huawei တို့ကြား လက်မှတ်ရေး ထိုးထားသည့် သဘောတူညီမှုအရ ပြည်တွင်း တက္ကသိုလ်များတွင် လုပ်ငန်းခွင် လိုအပ်ချက်များနှင့် ကိုက်ညီသည့် ICT ပညာရှင်များ မွေးထုတ်ပေးနိုင်ရေး နှင့် နည်းပညာနယ်ပယ် ဖွံ့ဖြိုးမှုအတွက် အရည်အသွေးမြင့် ICT ပညာရှင်များကို မြေတောင်မြှောက် ပျိုးထောင်ပေးနိုင်ရေးတို့ကို ရည်ရွယ်၍ Huawei သည် ယမန်နေ့က ဒုတိယအကြိမ်မြောက် Huawei Authorized Information and Network Academy (HAINA)  စတင်ရန်အတွက် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို အွန်လိုင်းမှ တဆင့် ကျင်းပခဲ့သည်။ ဆရာ၊ဆရာမများ၏ လေ့ကျင့်သင်ယူမှုကို အထောက်အကူ ပြုနိုင်မည့်အပြင် သင်ရိုးညွှန်းတမ်းများကို မြှင့်တင်ရန်နှင့် ICT မေဂျာများ ဖွံ့ဖြိုးလာစေရန်၊ စံနှုန်းမီ လက်တွေ့စမ်းသပ်ခန်းများ တည်ဆောက်ထားရှိရန်တို့အတွက် အရည်အသွေးမီ သင်ရိုးညွှန်းတမ်းများနှင့် အထောက်အကူပြု ဝန်ဆောင်မှုများကို Huawei က တက္ကသိုလ်များသို့ ပံ့ပိုးပေးသွားမည်ဖြစ်သည်။

လက်မှတ်ရေးထိုးပွဲတွင် Huawei Myanmar PR Director  Mr. Zhou Kai က အဖွင့်မိန့်ခွန်းကို ပြောကြားခဲ့ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမီမီသက်သွင်မှ ဆက်လက်၍ ကျေးဇူးတင်စကားကို ပြောကြားခဲ့သည်။ ယင်းနောက် Huawei Myanmar မှ PR Manager ကိုဂူတာဧပရယ်လ် မှ HAINA အစီအစဉ်အကြောင်း အသေးစိတ်ကို ရှင်းပြခဲ့သည်။

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ ပါမောက္ခချုပ်ဖြစ်သူ ဒေါက်တာမီမီသက်သွင်က "HAINA လိုမျိုး IT ကမ်ပိန်းကို ဖော်ဆောင်တာဟာ ကျွန်မတို့နိုင်ငံအတွက်တော့ အလွန်ကြီးမားတဲ့ စီးပွားရေးဆိုင်ရာကောင်းကျိုးတစ်ခုပါပဲ။ IT ဟာ လုပ်ငန်းအသစ်တွေကို မြေတောင်မြှောက်ပေးနိုင်ပြီး ချမ်းသာကြွယ်ဝမှုတွေကို ဖန်တီးပေးနိုင်တဲ့အပြင် စီးပွားရေးလုပ်ကိုင်ပုံတွေကို အသွင်ပြောင်းစေပြီးအဆင့်မြှင့်တင်ပေးတာတွေ၊ အလုပ်အကိုင် အခွင့်လမ်းတွေကို ဆောင်ယူလာပေးတာတွေအပါအဝင် ကျွန်မတို့ နိုင်ငံသားတွေရဲ့ လူနေမှုအဆင့်အတန်း ကိုပါ တိုးတက်ကောင်းမွန်လာစေနိုင်ပါတယ်။ တက္ကသိုလ်တွေဟာ ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်သင့်တာနဲ့အညီ Huawei ကလည်း ပညာရေးကဏ္ဍမှာ အဘက်ဘက်က ကူညီပေးလျက် ရှိသလို ကျွန်မတို့ရဲ့ ပညာရှင်လောင်းတွေအတွက်လည်း နည်းပညာဆိုင်ရာ လေ့လာခွင့်တွေကို အမြဲပေးအပ် ထားပါတယ်။ ဒီလို ခက်ခဲမှုတွေ အပြည့်နဲ့ ကာလမှာတောင် HAINAလို့ခေါ်တဲ့ ပညာရေးနဲ့ လုပ်ငန်းခွင်ကို ဆက်စပ်ပေးတဲ့ ပေါင်းကူးတံတားတစ်ခုကို Huawei က ဆောင်ယူလာပေးတဲ့အတွက် အတိုင်းမသိ ကျေးဇူးတင်ပါတယ်ရှင်။"  ဟုကျေးဇူးတင်စကားပြောကြားသွားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာထိပ်တန်း ICT ထောက်ပံ့ပေးသူအနေဖြင့် Huawei သည်ပညာရှင်မွေးထုတ်ရေး စနစ်တစ်ခု တည်ဆောက်နိုင်ရန် ၂၀၁၃ ခုနှစ်မှစတင်ကာ အဆင့်မြင့်တက္ကသိုလ်များပါဝင်သည့် ပုဂ္ဂလိက-တက္ကသိုလ် ပူး‌ပေါင်းဆောင်ရွက်သည့်ပရောဂျက်တစ်ခုကို စတင်ခဲ့သည်။ Huaweiသည် အောင်မြင်ခဲ့ပြီးသည့် အတွေ့အကြုံ များပေါ် အခြေခံ၍ နိုင်ငံပေါင်း (၇၂) နိုင်ငံမှ ကောလိပ်များနှင့် တက္ကသိုလ်များ၏ လေ့ကျင့်သင်ကြားပေးမှုများတွင် အမြောက်အမြား ရင်းနှီးမြှပ်နှံလျက်ရှိသည်။ 

Mr.Zhou Kai က "Huawei တည်ထောင်သူ Mr. Ren Zhengfei က အခြေခံပညာရေးဟာ စက်မှုအင်အားတောင့်တင်း ခိုင်မာမှုနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျတယ်လို့ ပြောခဲ့ဖူးပါတယ်။ တကယ်တမ်းတော့ အဲဒါကပဲ နိုင်ငံတကာမှာရှိတဲ့ အကောင်းဆုံးတက္ကသိုလ်တွေနဲ့ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတဆိုင်ရာ လက်တွဲလုပ်ဆောင်ဖို့အတွက် ကျွန်တော်တို့ရေရှည်အသုံးပြုခဲ့တဲ့ မူဝါဒပါပဲ။ “သစ်ပင်တွေကြီး ထွားဖို့ဆယ်နှစ်လိုတယ်။ လူတွေကိုကြီးပြင်းအောင်တော့နှစ်တစ်ရာလောက်စောင့်ရှောက်ရမယ်။” ဆိုတဲ့ စကားပုံလိုပဲ ပစ္စုပ္ပန်မှာအခြေခံ ပညာရေးကိုတိုးတက်အောင် လုပ်ထားရမှာဖြစ်ပြီး အဲ့ဒါ အနာဂတ်အတွက် အကျိုးကျေးဇူးကြီးရဖို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက်လည်း နည်းပညာပိုင်းဆိုင်ရာ၊ ဆန်းသစ်တီထွင်မှု ပိုင်းဆိုင်ရာမှာ ပိုမိုပြီးပြည့်စုံတဲ့ ပညာရှင်လောင်းတွေ မွေးထုတ်နိုင်ပြီး နိုင်ငံရဲ့ ICT နယ်ပယ်ရဲ့ ဖွံ့ဖြိုးမှုကို ဆက်လက်ထိန်းသိမ်းနိုင်မယ့်အပြင် ပိုပြီးကောင်းမွန်တဲ့ ဒီဂျစ်တယ်လ် ဘဝတွေကို ရရှိလာအောင် စွမ်းဆောင်ပေးနိုင်မယ်လို့ ကျွန်တော်တို့အပြည့်အဝ ယုံကြည်ပါတယ်။" ဟုပြောကြားခဲ့သည်။

အဆိုပါ အကယ်ဒမီသည် ကျောင်းသား၊ ကျောင်းသူများအချင်းချင်း  ၎င်းတို့၏အရည်အချင်းများကို ချိတ်ဆက် ဖော်ထုတ်နိုင်သည့် ပလက်ဖောင်းတစ်ခုလည်းဖြစ်ပြီးကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့ စွမ်းရည်ကို မြင့်မားအောင် ပြုလုပ်ပေးမည့် သင်ကြားရေးဆိုင်ရာ အထောက်အပံ့ ပစ္စည်းများကို Huawei က မိတ်ဖက်တက္ကသိုလ်များကို ပံ့ပိုးပေးသွားမည်လည်းဖြစ်သည်။ ကျောင်းသူ၊ ကျောင်းသားများ အတွက် Huawei ၏ အရည်အချင်းစစ် စာမေးပွဲများတွင် ပါဝင်နိုင်စေရန် အားပေးသည့်အနေဖြင့်လည်း အခမဲ့ဝင်ခွင့်ကတ်များကို သင်ကြားရေး ဆရာများမှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်သည်။ အကယ်ဒမီ၏ သင်ရိုးများတွင်  ကျောင်းသား၊ ကျောင်းသူ များသည် routing and switching၊ storage၊ cloud၊ WLAN၊ cloud computing၊ big data၊ IoT၊ artificial intelligence အစရှိသည့် နည်းပညာပိုင်းဆိုင်ရာ ဘာသာရပ်အမြောက်အများကို Huaweiရုံးချုပ်ရှိ ပညာရှင်များထံမှ လေ့လာသင်ကြားနိုင်သည်။  ထိုမျှသာမက Huawei သည် တက္ကသိုလ်အတွက်  ဝန်ဆောင်မှု အကုန်ပေးနိုင်သည့် အရည်အသွေးမီ HAINA လက်တွေ့စမ်းသပ်ခန်းတစ်ခုကို လည်းလှူဒါန်းသွားမည် ဖြစ်သည်။ COVID-19 ပျံ့နှံ့မှု အခြေအနေအရ  ဒုတိယအကြိမ် HNANA ၏ ဖွင့်ပွဲအခမ်းအနားကို လာမည့် ဖေဖော်ဝါရီလတွင် ကျင်းပသွားနိုင်ရန်ရည်မှန်းထားသည်။

Mr. Zhou Kai၊ Director of Huawei Myanmar Public Affairs and Communication Department


ဒေါက်တာ မီမီသက်သွင်၊ ပါမောက္ခချုပ် ( ရန်ကုန်ကွန်ပျူတာတက္ကသိုလ်)

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် တက္ကသိုလ်၏ အဓိကဘာသာရပ် များနှင့် လုပ်ငန်းပိုင်းဆိုင်ရာကဏ္ဍများ၊ သင်ရိုးညွှန်းတမ်းများနှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အရည်အသွေး ပြည့်မီမှုများ၊ သင်ကြားမှုစနစ်များနှင့် လုပ်ဆောင်ပုံများ၊ ပညာရှင်များ ပေါ်ထွက်လာရေးနှင့် အလုပ်အကိုင်ရရှိရေး တို့ကို တစ်သားတည်းဖြစ်စေရန်လည်း Huawei က ရည်ရွယ်သည်။ Huawei သည် တက္ကသိုလ်များနှင့် လုပ်ငန်းများကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုပြုလုပ်ကာ လေ့လာသင်ယူခြင်း၊ အရည်အချင်းပြည့်မီမှုနှင့် အလုပ်အကိုင်ရရှိရေး စသည့် အရည်အသွေးမြှင့် လုပ်ငန်းစဉ် တစ်ရပ်လုံးကို ထောက်ပံ့ပေးသည့် ကွန်ရက်တစ်ခုကို ဖန်တီးလျက်ရှိပြီး လုပ်ငန်းများ၏ စံနှုန်းများအပေါ်မူတည်ပြီး လုပ်ငန်းဖွံ့ဖြိုးမှုနှင့်  ဆန်းသစ်တီထွင်နိုင်စွမ်း ပြည့်သော ပညာရှင်လောင်းများ ပေါ်ပေါက်လာမှုကို မြေတောင်မြှောက်ပေးနိုင်ရန် ရည်ရွယ်လျက် ရှိသည်။ လုပ်ငန်းများအတွက်လိုအပ်ချက်သည့် စံနှုန်းများပြည့်မီရန်၊ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် အရည်အသွေး မြင့်မားသည့်  ပညာရှင်လောင်းများမွေးထုတ်ရာတွင် Huawei က ကူညီပံ့ပိုးပေးသွားမည်ဖြစ်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် Huawei Myanmar နှင့် အမျိုးသားပညာရေးမူဝါဒကော်မရှင် ပါမောက္ခချုပ်များ ကော်မတီတို့သည် နှစ်ဦးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။  ICT ဖွံ့ဖြိုးရေး(၃) နှစ်တာ စီမံချက်ဖြစ်သည့် အဆိုပါ စာချုပ်တွင် ICT Diploma Course System၊ “Seeds for the Future”၊ Huawei Authorized Information and Network Academy (HAINA)၊  Huawei Customer Solution Innovation & Integration Center (CSIC) တွင်ကျင်းပမည့် Youth Open Day၊ ထူးချွန်သည့် တက္ကသိုလ်ကျောင်သား၊ကျောင်းသူများအတွက် ICT ပညာသင်ယူနိုင်ခွင့် နှင့် ICT ကို အထောက်အပံ့ပေးမည့် သိပ္ပံဆိုင်ရာ စမ်းသပ်မှုအစရှိသည့် အမျိုးအစား (၆) ခုပါဝင်သည်။ ၂၀၁၆ ခုနှစ်တွင် ပထမဦးဆုံး HAINA ကို သန်လျင်နည်းပညာတက္ကသိုလ်၌ အောင်မြင်စွာဖွင့်လှစ်အကောင်အထည်ဖော်နိုင်ခဲ့သည်။





Huawei Authorized Information and Network Academy (HAINA) အကြောင်း
ကမ္ဘာလုံးဆိုင်ရာထိပ်တန်း ICT ထောက်ပံ့ပေးသူအနေဖြင့်  Huawei သည် အားလုံးကိုအကျိုးပြုပြီး ပွင့်လင်း မျှဝေရန် လွယ်ကူသော ICT ပညာရှင်လောင်းပေါ်ပေါက်လာရေးစနစ်တစ်ခုအတွက် ကြိုးပမ်းလျက်ရှိသည်။ ၂၀၁၃ ခုနှစ်တွင် Huawei အထက်ဖော်ပြပါ ပညာရှင်လောင်းပေါ်ပေါက်လာရေးစနစ်တည်ဆောက်ရာတွင် ကူညီ ပေးနိုင်ရန်အတွက် အဆင့်မြင့်ပညာသင်ကြားမှုများပါဝင်သည့်ကျောင်းနှင့် လုပ်ငန်းပူးပေါင်း ဆောင်ရွက် သော စီမံချက်အနေဖြင့် ICT ကျောင်းတော်ကြီးတစ်ခုကို ဖွင့်လှစ်ခဲ့သည်။ ပြီးခဲ့သည့် (၆) နှစ်တာ ကာလအတွင်း ကောလိပ်များနှင့် တက္ကသိုလ်များ၏ လေ့ကျင့်သင်ကြားပေးမှုများတွင် အမြောက်အများ ရင်းနှီးမြှပ်နှံလျက်ရှိပြီး အောင်မြင်သော အတွေ့အကြုံများကိုလည်း ဆက်လက်ပြန့်ပွားအောင် လုပ်ဆောင်လျက်ရှိသည်။ Huawei သည် တက္ကသိုလ်များနှင့် လုပ်ငန်းများကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုဆောင်ရွက်၍ လေ့လာရေး၊ အရည်အချင်း ပြည့်မီမှုနှင့် အလုပ်အကိုင်ရရှိရေး အစရှိသည့်လုပ်ဆောင်ချက်တစ်ခုလုံးကို ထောက်ပံ့ပေးသည့် ကွန်ယက်တစ်ခု တည်ဆောက်လျက်ရှိသည်။ ထိုမှသာ လုပ်ငန်းများ၏ စံနှုန်းများအပေါ်မူတည်ပြီး လုပ်ငန်းဖွံ့ဖြိုးမှုနှင့်  ဆန်းသစ် တီထွင်နိုင်သော ပညာရှင်လောင်းများ ပေါ်ပေါက်လာမှုတို့ကို မြှင့်တင်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ Huawei သည် လုပ်ငန်းအတွက်လိုအပ်ချက်သည့် စံနှုန်းများပြည့်မီရန်၊ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် အရည်အသွေး မြင့်မားသည့်  ပညာရှင်လောင်းများမွေးထုတ်ရာတွင် Huawei က ကူညီပံ့ပိုးပေးသွားမည်ဖြစ်သည်။

၂၀၁၉ ခုနှစ်အပြီးတွင် Huawei ICT သင်တန်းကျောင်းများကို တရုတ်၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ ဥရောပ၊ လက်တင်အမေရိကနှင့်တောင်ပစိဖိတ်ရှိ နီုင်ငံပေါင်း (၇၂) နိုင်ငံတွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ပူးပေါင်းဆောင်ရွက်သောတက္ကသိုလ်များတွင်တရုတ်နိုင်ငံတွင်အဆင့်အမြင့်ဆုံးဖြစ်သောရှန်ဟိုင်း Jiao Tong တက္ကသိုလ်နှင့်ဖူဒန်တက္ကသိုလ်တို့အပြင် Bauman မော်စကိုပြည်နယ်နည်းပညာတက္ကသိုလ်၊ မလာယာ တက္ကသိုလ်နှင့် နယူးဆောက်ဝေးလ်တက္ကသိုလ်အပါအဝင်ကမ္ဘာကျော်တက္ကသိုလ်များပါဝင်သည်။ Polytech Nice Sophia နှင့်အခြားအင်ဂျင်နီယာကောလိပ်များအပြင် Shenzhen Vocational Technical College, UK ၏အရှေ့မြောက် Surrey နည်းပညာကောလိပ်နှင့် အခြားအဆင့်မြင့်သက်မွေးဝမ်းကျောင်း ကောလိပ်များလည်း ပါဝင်ရာ စုစုပေါင်း ကမ္ဘာအနှံ့ တက္ကသိုလ်နှင့် ကောလိပ်ပေါင်း ၉၂၇ ခု ပါဝင်ခဲ့သည်။

နှစ်စဉ်ကျောင်းသား ၄၅၀၀၀ ကျော်ကိုလေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ 2019 ခုနှစ်တွင် Huawei နှင့်လုပ်ဖော်ကိုင်ဖက် ၁၃၀၀ ကျော်တို့သည် ကမ္ဘာအနှံ့၌ ပညာရှင်လောင်းများပေါ်ပေါက်လာရေးနှင့်ပတ်သက်ပြီး ပွဲ ၅၁ ခုကျင်းပခဲ့သည်။ ကျောင်းသားပေါင်း ၂၁၀၀၀ ကျော်ကို ပါဝင်လာစေခဲ့ပြီးအရည်အသွေးမြင့် IT ဝန်ထမ်း ၃,၆၀၀ ကျော်တို့ကို လက်တွေ့လုပ်ငန်းခွင်များအတွက် ဖြည့်စွမ်းပေးနိုင်ခဲ့သည်။